နာမည်ကောင်း တံဆိပ်ကပ်ကြမယ်
လူ့ဘောင်လောကတွင် နာမည်ဂုဏ်သတင်းသည် အရေးကြီးလှပေသည်။ စီးပွားရေး နယ်ပါယ်တစ်ခု၊ ပါတ်ဝန်းကျင်တစ်ခုတွင် နာမည်ပျက် သွားလျင် အလုပ်ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေတော့သည့် အခြေအနေမျိုး တွေ့ကြုံရသည်။ စီးပွားရေးလောကတွင် “လူသေလျင်သေ နာမည်မသေစေနဲ့” ဟူသောစကားတစ်ခွန်း ရှိလေသည်။ နာမည်ကို အသက်ထက်ပို၍တန်ဖိုးထားသင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကုန်ပစ္စည်းနှင့် အမှတ်တံဆိပ်
ထို့ကြောင့် စီးပွားရေး လုပ်ငန်းလုပ်ရာတွင် လုပ်ငန်းရှင်များသည် မိမိတို့ ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း၏ အရည် အသွေးကို အထူးပင် ဂရုစိုက်ကြရသည်။ ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခု သည် အချိန်တစ်ခုတွင် အကြောင်းတစ်စုံတရာ ချို့ယွင်းချက်ကြောင့် အရည်အသွေး ညံ့ဖျင်းခဲ့လျင် သုံးစွဲသူများ အနေဖြင့် နောက်တစ်ကြိမ် ထို အမှတ်တံဆိပ် ကုန်ပစ္စည်းကို သုံးစွဲ ရန်ငြင်းဆန်ကြပေလိမ့်မည်။ ထို့ကြောင့်လည်း စက်ရုံကြီးများတွင် မိမိတို့ ကုန်ပစ္စည်းကို စျေးကွက် အတွင်းသို့မဖြန့် ခင် အရည်အသွေးစစ်ဆေး သော ဌာန (QC department) သီးသန့်ထားရှိကြခြင်းဖြစ်သည်။
ထင်ရှားသော ဥပမာတစ်ခု အနေဖြင့် မြန်မာပြည်တွင် အသင့်ဖျော် 3 in 1 ကော်ဖီထုတ်များ စတင် ဝင်ရောက်ချိန်က ကုမ္ပဏီ ကြီးတစ်ခု မှ ထုတ်လုပ်သော ကော်ဖီမစ်ထုတ်များသည် စျေးကွက်အတွင်း နံပါတ် ၁ နေရာတွင် ကာလ အတန်ကြာအောင် ရပ်တည်နေခဲ့ရာမှ တစ်ချိန်တွင် မူလ အရသာအတိုင်း မဟုတ်တော့ပဲ အရည်အသွေးကျသွားခဲ့သည်။ ပိုမိုခါးသက်လာပြီး အနံ့အရသာဆိုးသွားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သောက်သုံးသူအများစုသည် ထိုအမှတ်တံဆိပ် ကော်ဖီများကို မသောက်သုံးကြတော့။ အခြား အမှတ်တံဆိပ် ကုမ္ပဏီတစ်ခု၊ နှစ်ခုက စျေးကွက်၏ထိပ်ဆုံး နေရာရောက်လာခဲ့သည်။
နာမည်ပျက်သွားသည့်အတွက် အလုပ်ဆက်လုပ်၍မရတော့ခြင်း ဖြစ်လေသည်။ သင်သည် ထိုင်နေကျ လက်ဘက်ရည်ဆိုင်တစ်ဆိုင်သို့ နောက်တစ်ကြိမ် မသွားတော့ရန် ဆုံးဖြတ်မိသော အချိန်သည် ထိုဆိုင်မှ အစားသောက်များ မသန့်ရှင်းတော့သော၊ စားမကောင်းတော့သော အချိန် (သို့မဟုတ်) ဆိုင်ဝန်ထမ်းများ၏ ဝန်ဆောင်မှုက သင့်ကို သည်းခံမှု အတိုင်းအတာ လွန်သည်အထိ ညံံ့ဖျင်းသွားသောအချိန် ဖြစ်နိုင်သည်။
သူဌေးကြီး ဟောင်းဝပ်ဟူး ၏ သင်ခန်းစာ
အမေရိကန်မှ နာမည်ကျော် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီး ဟောင်းဝပ်ဟူး တွင် ၄င်း၏ အဖေထံမှ ရရှိသော သင်ခန်းစာ တစ်ခုရှိလေသည်။ ဟောင်းဝပ်ဟူး ငယ်စဉ်က သူ၏ အဖေသည် ၄င်း၏ စက်ရုံမှ ထွက်သော ခဲယမ်းများအရည် အသွေး မပြည့်မှီသောကြောင့် ဒေါ်လာသန်းချီတန်သောကုန်ပစ္စည်း အားလုံးကို ပင်လယ်ထဲသို့ စွန့်ပစ်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ စက်ရုံံမှူးက စျေးကို ထက်ဝက်လျော့ရောင်းခြင်းဖြင့် အရှုံးကို သက်သာနိုင်ကြောင်း အကြံပေးရာ “ကုန်ပစ္စည်းတွေက အကုန် ကျွန်တော့် နာမည် နဲ့ချည်းပဲ ခင်ဗျ…။ ခင်ဗျားနာမည် နဲ့ တစ်ခုမှ မပါတော့ ခင်ဗျား ကဒီလိုပြောနိုင်မှာပေါ့” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထိုအချိန်မှ စ၍ ဟောင်းဝပ်ဟူး သည် သူလုပ်ဆောင်သော အလုပ်ဟူသမျှကို နာမည်မပျက်အောင် ဂရုစိုက်ဆောင်ရွက်ခဲ့ပြီး နောင်တစ်ချိန်တွင် သူ့အဖေထက်ပင် အောင်မြင်မှုရခဲ့သည်။ (သူ့အကြောင်းကို ဆရာ အထောက်တော်လှအောင် ဘာသာပြန်ဆိုသော “ရှစ်စပ်ကဂျင်ချေလည်သူ” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်)
လုပ်ငန်းခွင်နေရာတိုင်းတွင် ထိုသဘောတရား ရှိလေသည်။ မိမိက ကုန်ပစ္စည်း တစ်ခုခု ကို ထုတ်လုပ်ဖြန့်ချိနေသော လုပ်ငန်းရှင်ကြီး တစ်ဦး မဟုတ်သော်လည်း မိမိ လုပ်သောအလုပ်တိုင်းတွင် မိမိ နာမည် ထင်ကျန်နေမည်ကိုတော့ သတိထားသင့်ပေသည်။
မိမိအလုပ်မှာ နာမည်ကောင်း တံဆိပ်ကပ်ကြမယ်
ယနေ့ လူငယ်အများစုအနေဖြင့် သင့်တင့်သော ဘွဲ့၊ ဒီဂရီများ ရရှိပြီးလျင် လုပ်ငန်းခွင်ဝင်ကြရသည်ဖြစ်ရာ ကိုယ်ပိုင် စီးပွားရေး၊ ကုမ္ပဏီလုပ်ငန်း မထူထောင်နိုင်သော လူငယ်များအဖို့ အခြား အဖွဲ့အစည်းများ ကုမ္ပဏီများတွင် ဝန်ထမ်းများ၊ အလုပ်သမားများ အဖြစ်ဝင်ရောက်လုပ်ကိုင်ကြရသည်။ ထိုသို့ လုပ်ငန်းခွင် ဝင်ကြရာတွင် မိမိ တာဝန်ယူရသော အလုပ်တာဝန်များကို ကျေပွန်မှုရှိ မရှိ၊ အချိန်မှီ ပြီးစီးမှုရှိ မရှိတို့သည် မိမိ အား ဝန်ထမ်းကောင်းဟုတ်မဟုတ် မိမိ အထက်အရာရှိ၊ လုပ်ငန်းရှင်သူဌေးက ဆုံးဖြတ်ရာတွင် အရေးပါသော အခန်းကဏ္ဍက ရပ်တည်နေသည်။
မိမိ အားခိုင်းစေသော အလုပ်တာဝန်ကို ဆောင်ရွက်ခြင်းသည် မိမိကထုတ်လုပ်လိုက်သော မိမိ၏ ကိုယ်ပိုင် ကုန်ပစ္စည်းပင်ဖြစ်လေသည်။ ထိုကုန်ပစ္စည်းတွင် မိမိ၏နာမည် အမှတ်တံဆိပ်ရေးထိုးပြီး ဖြစ်သွားသည်။ ထို့ကြောင့် ဝန်ထမ်းများ အနေဖြင့် မိမိ အမည်တံဆိပ်ကပ်သော မိမိ ဝန်ဆောင်မှုမှန်သမျှကို အထူးအလေးထားလုပ်ဆောင်သင့်သည်။ သင့်ကိုပေးအပ်သော တာဝန်တိုင်းကို အကျိုးသက်ရောက်မှု ကောင်းစွာ အချိန်မှီ ပြီးစီး အောင် ဆောင်ရွက်နိုင်ခြင်းသည် သင်၏ အမည် အမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းကို လူကြိုက်များအောင် အရောင်းမြှင့်တင်နေခြင်းဖြစ်ပါသည်။
စျေးကွက်အတွင်းသို့ နောက်မှဝင်ရောက်လာသော ကုန်ပစ္စည်းတစ်ခုသည် ၄င်း၏ အရည်အသွေးကြောင့် အခြားသော ပြိုင်ဘက်များကိုကျော်လွန်ကာ အောင်မြင်မှုရသောအဖြစ်များ စီးပွားရေးလောကတွင် များစွာရှိလေသည်။ အလားတူပင် လုပ်ငန်းခွင်သို့ နောက်မှ ဝင်ရောက်လာသော ဝန်ထမ်းအသစ်တစ်ဦးသည် ၄င်း၏ အလုပ်အပေါ် စေတနာထား ကြိုးစား ဆောင်ရွက်မှုကြောင့် ရှေ့လူများကိုကျော်လွန်ကာ ရာထူးအဆင့်ဆင့် တက်သွားသည့် သာဓက များလည်း များစွာရှိပါသည်။ ထိုသို့သော ဝန်ထမ်းများ၏ နာမည် ဂုဏ်သတင်းသည် အခြားသော ကုမ္ပဏီ အဖွဲ့အစည်းများသို့လည်း ပျံ့နှံ့နေတတ်ကာ အလုပ်အကိုင် ပြောင်းလိုလျင်ပင် လုပ်ငန်းရှင်တိုင်းက အလုပ်ခန့်ရန် အဆင်သင့် ရှိနေတတ်လေသည်။
မေတ္တာဖြင့်စီးပွားရှာရင်း နာမည်ကောင်းတံဆိပ်ကပ်ကြမယ်
မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ရေးသားသော “မေတ္တာဖြင့် စီးပွားရှာနည်း” စာအုပ်တွင် နာမည်ကောင်းဖြင့် ကျော်ကြားသော အသုပ်ဆိုင်လေး တစ်ဆိုင်အကြောင်း ထည့်သွင်းရေးသားထားသည်။ ဆိုင်ရှင်သည် “မလှူတတ်စျေးရောင်း” ဟူသော အဆုံးအမကို နှလုံးသွင်းကာ လာရောက်စားသုံးသော Customer များကို စေတနာ အပြည့်ထား၍ရောင်းချလေသည်။ အမြတ်အစွန်းနည်းနည်း ဖြင့် စားသုံးသူ စိတ်ကျေနပ်မှုကို ဦးစားပေး၍ရောင်းချလေရာ ထိုအသုပ်ဆိုင်၏ နာမည်ဂုဏ်သတင်း မှာ အခြားရပ်ကွက်များသို့တိုင် ပျံ့နှံ့ပြီး စားသုံးသူအများအပြားတိုးပွားလာခဲ့သည်။ သို့ဖြင့် ဆိုင်ရှင်သည် အသုပ်ဆိုင်လေးမှတဆင့် ကုန်စုံဆိုင်ကြီးအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့လေသည်။ မိမိ အလုပ်နှင့် စားသုံးသူအပေါ် စေတနာထားခြင်း၊ မေတ္တာဖြင့် စီးပွားရှာခြင်း အကျိုးကျေးဇူးကို မိမိရော စားသုံးသူပါခံစားရခြင်းဖြစ်သည်။
ထို့အတူပင်လုပ်ငန်းခွင်ဝင်ရောက်နေကြသော ဝန်ထမ်းများသည်လည်း မိမိတို့အလုပ်ကိုစေတနာထား၍လုပ်ဆောင် သင့်လှပေသည်။ မိမိရရှိမည့် အကျိုးအမြတ် လစာ ကို ပဓာနမထားပဲ မိမိ လုပ်လိုက်သော အလုပ်ကြောင့် ရရှိလာမည့် အကျိုးကို တန်ဖိုးထား၍ လုပ်ဆောင်ကြလျင် လုပ်ငန်းခွင်တွင် မိမိ နာမည်မှာ ကောင်းသတင်းဖြင့် ကျော်ကြားလာမည်ဖြစ်သည်။ မိမိအလုပ်ကို တာဝန်ကျေရုံမျှ သာမကပဲ စေတနာအပြည့်ထားကာတတ်နိုင်သရွေ့ကြိုးစားလုပ်ဆောင်ခြင်း လုပ်ဖော်ကိုင်ဖက်များအား မိမိတတ်နိုင်သည့်အလျောက် ကူညီဆောင်ရွက် ပေးခြင်းသည်လည်း မေတ္တာဖြင့် စီးပွားရှာနေခြင်းပင်ဖြစ်ပါသည်။
ထိုသို့ အလုပ်ကို ကြိုးစား၍ စေနာထားလုပ်ကိုင်ရင်း၊ မေတ္တာဖြင့်စီးပွားရှာရင်းဖြင့် မိမိနာမည်ဂုဏ်သတင်းမှာ တဖြည်းဖြည်း ကျော်ကြားပြီး ရာထူးအဆင့်ဆင့် တက်လှမ်းနိုင်ကာ အောင်မြင်သော ဘဝကို ပိုင်ဆိုင်နိုင်မှာ သေချာလှတော့သည်။
၀ိုင်းချစ်အောင်
ကိုးကား- မေတ္တာဖြင့် စီးပွားရှာခြင်း (မေတ္တာရှင် ရွှေပြည်သာ)
ရှစ်စပ်က ဂျင်ချေလည်သူ (အထောက်တော် လှအောင်)

Comments
Post a Comment